ကျွန်းသစ်v
| Teak , C.P.Teak , Nagpur Teak | |
|---|---|
| Teak foliage and fruits | |
| သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း | |
| လောက: | Plantae
|
| (unranked): | Angiosperms
|
| (unranked): | Eudicots
|
| (unranked): | Asterids
|
| မျိုးစဉ်: | Lamiales
|
| မျိုးရင်း: | Lamiaceae
|
| မျိုးစု: | Tectona
|
| မျိုးစိတ်: | T. grandis
|
| ဒွိနာမ | |
| Tectona grandis L.f. | |
အသားချောမွတ်၍ မမာလွန်းသော်လည်း နှစ်ရှည်ခိုင်ခန့်သော သစ်မျိုးဖြစ်သည်။ အပင်ဖြောင့်၍ နှစ်ကာလတလျောက် လုံးပတ်ကြီးထွားသည်။ အသားရောင်နှင့် အနှစ်ကွက်များ လှပသည်။ ကွဲအက်ခြင်း၊ ရုန်းကော့ခြင်း နည်းပါး၍ ပရိဘောဂ ပြုလုပ်ရာ၌၎င်း၊ သင်္ဘောဆောက်လုပ်ရာ၌၎င်း အသုံးပြုသည်။ မခြောက်သွေ့လျင် ရေတွင်မြုပ်နိုင်သည်။ အရှေ့တောင်အာရှနှင့် မလေးရှားနိုင်ငံများက ထွက်သည်။ မြန်မာနိုင်ငံက ကျွန်းမှာ အမျိုးအစားကောင်း၍ ဥရောပတိုက်မှ အထူးနှစ်သက်သည်။ မြန်မာနိုင်ငံ၏ ဝင်ငွေမှာ ဆန်စပါးမှတပါး ကျွန်းသစ် အပါအဝင် သစ်ထုတ်လုပ်မှု အပေါ်တွင် ကြီးမားစွာ တည်ရှိသည်။ ကျွန်းပင်များကို စနစ်တကျ စိုက်ပျိုးရန် လိုအပ်သည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ လှသမိန် ၏ ဗဟုသုတစွယ်စုံ